လှူဒါန်းသည့်ပစ္စည်းများ (တန်ဖိုး ငွေကျပ်သိန်း ၃၀ / စင်ကာပူဒေါ်လာ ၃၆၀၀)

- ဆန်အိတ် ၁၀၀ (ဒေးဒရဲ နယ်ထွက် ဆန် )
- စောင် အထည် ၃၃၀
- ရွက်ဖျင်စ ၆လိပ်
- အ၀တ်အထည်များ
- ထုံး ၅ အိတ် ( အုတ်ကန်များသန့် ရှင်းရန် )
- ဓာတ်ဆီ ( သီတဂူကျောင်းတိုက် ဘုန်းကြီးများမှအလှူ )
- ဆေးဝါး

Operation Nargis အဖွဲ့ မှ အထက်ပါပစ္စည်းများကို အကယ်ရွာမ ၊ ချောင်းဝ နှင့် ကွင်းပုံ ကျေးရွာ၃ခု သို့ လှူဒါန်းခဲ့ သည့်အပြင် အကယ်ရွာမကျေးရွာ တွင်လည်း ဆေးကုသလုပ်အားပေးခဲ့ ပါသည်။ အကယ်ရွာမမှ သေဆုံးသူ ၃၇ ဦး ရှိပြီး အခြားရွာများမှ အလောင်း ၂၀၀ကျော်ရှာတွေ့ ခဲ့သည် ။ အချို့ အလောင်း များကို ဆယ်ယူရှင်းလင်းပြီးသော်လည်း အလောင်း၁၇၀ ခန့် မြစ်ထဲတွင်ကျန်ရှိနေသေးသည်။

ရွာသူရွာသားများမှာ ညစ်ညမ်းသောရေကို သောက်သုံးနေကြရပြီး ကျန်ရှိသမျှပစ္စည်း ၊ အစာနှင့် အသက်ရှင်နေကြရသည် ။မုန်တိုင်းအတွင်း စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးပြီးနောက်ပိုင်း လယ်မလုပ်နိုင်ကြတော့ပေ။ ထို့ ပြင် အကူအညီများ နှောင့် နှေးကြန့် ကြာမလုံလောက်မှုကြောင့် ကိုယ့်အားကိုယ်ကိုး၍ အချိန်အနည်းငယ် အသက်ရှင်နိုင်ရေးကိုသာ စဉ်းစားကာအနာဂတ် အတွက် မတွေးတောနိုင်သေးဖြစ်နေကြသည်။

ဒုက္ခသည်စခန်း များမှာ အကျဉ်းထောင်များကဲ့သဖွယ်ဖြစ်ကာ ဒုက္ခသည်များမှာ ကယ်ဆယ်ရေးပစ္စည်းများသယ်ရန် အဓမ္မ စေခိုင်းခံရမှုများ ကြုံတွေ့ နေရသည်။ ဒေးဒရဲသို့ သွားသောလမ်းတလျှောက်မှာတော့ Mr. ဘန်ကီမွန်း ခရီးစဉ် လာရောက်ချိန်နီးလာ၍ ဒုက္ခသည်စခန်းများကို မတွေ့ ရတော့ပေ။

0 comments:


 

K2 Modify 2007 | Use it. But don't abuse it.