အလှူပစ္စည်းများ (တန်ဖိုး ကျပ် ၃၅သိန်း / စင်ကာပူဒေါ်လာ ၄၂၀၀)

-ဆန်အိတ် ၁၀၀ ( ဖျာပုံ နယ်ထွက် ဆန် )
- စောင် အထည် ၃၀၀
- ရွက်ဖျင်စ ၁လိပ်
- အ၀တ်အထည် ၁၀ထုပ်
- ခြင်ထောင် ၄၀
- ဆေးဝါး

အထက်ပါပစ္စည်းများကို သောကြာ၊ မြစိမ်းကန်၊အချာကြီး၊အချာလေး ကျေးရွာ၎ခု တွင် ပေးဝေလှူဒါန်းခဲ့သည်။ ဖြန့် ဝေနေချိန်တွင် ရာသီဥတု က အလွန်အမင်း ဆိုးရွာ နေခဲ့ကာ ရာသီဥတု နှင့် အပြိုင် ဒုက္ခသည်များ၏ဘ၀များလည်းအလားတူ ဆိုးနေသည် ကိုမြင်တွေ့ ခဲ့ရသည်။

အချာကြီး၊အချာလေးတွင် နာဂစ်စ်အပြီး ၃ပတ်လုံးလုံး မိသားစုတစ်စု တစ်နေ့ ခွဲတမ်း ဆန်၂လုံးနှင့် ရေသန့် တစ်ဗူး သာရကြသော ဒုက္ခသည်များ မိသားစု တိုင်းအတွက် Operation Nargis အဖွဲ့ မှ ဆန်၂၄လုံး ၊ စောင်နှင့် အ၀တ်များ ဝေငှခဲ့သည် ။

ရွာသားများမှာ အလွယ် ရှာဖွေရသမျှ အုန်းသီး ကဲ့သို့  အစာ နှင့် ညစ်ညမ်းနေပြီဖြစ်သော ရေကိုသာ စားသောက်ရေးအတွက် အားကိုးနေကြရသည် ။ ခရီးလမ်း တစ်လျှောက်အချို့ နေရာများတွင် နာဂစ်အတွင်း ရွာလုံးကျွတ် ရေထဲပါသွားသဖြင့် လူဟူ၍ပင် မကျန်တော့ချေ ။

“ ခဏလေးအတွင်း ကို ကျွန်မတို့ အိမ်က လူတွေ လေနဲ့ ၃ရွာ ကျော်လောက် အရောက်ပါသွားတာ …. လေကြမ်းလို့ မလွင့်အောင် တူတူပူးပြီးကြိုးနဲ့ ချည်ထားကြတော့အကုန်လုံးအတူတူပါသွားတော့တာပေါ့ .. “ ဟု ဒုက္ခသည် အမျိုးသမီးတစ်ဦး က ပြောပြခဲ့သည်။

0 comments:


 

K2 Modify 2007 | Use it. But don't abuse it.