ဒုက္ခရောက်နေသော မြန်မာပြည်သူများကို ကူညီဖို့ စတုတ္ထအသုတ် လုပ်အားပေးအဖွဲ့ ဇွန်လ ပထမအပတ်အတွင်းတွင် ရန်ကုန်သို့ပြန်ရန်ရှိပါသည်။

လုပ်အားပေးရန်စိတ်ပါဝင်စားသူများ လုပ်အားပေးစီစဉ်သူကို coordinator@operationnargis.org အမြန်ဆက်သွယ်ပေးပါခင်ဗျာ။

မေလ ၂၀ ရက်နေ့ - မြင်းကဆိပ်မြို့တွင် ဆန်၊ ဆီ၊ ရေ၊ ဆေးဝါး၊ လုံချည်၊ အ၀တ်အထည်၊ ဖိနပ်များ နှင့် စောင်များ ဖြန့်ဝေခဲ့သော မှတ်တမ်းဓာတ်ပုံများ



မေလ ၁၇ ရက်နေ့ - မြောင်းမြမြို့တွင် ဆန်၊ ဆီ၊ ဆေးဝါး၊ လုံချည် နှင့် စောင်များ ဖြန့်ဝေခဲ့သော မှတ်တမ်းဓာတ်ပုံများ



မေလ ၁၆ ရက်နေ့ - မအူပင်မြို့တွင် ဆန်၊ ဆီ၊ ဆေးဝါး၊ လုံချည၊ အ၀တ်အထည် နှင့် စောင်များ ဖြန့်ဝေခဲ့သော မှတ်တမ်းဓာတ်ပုံများ



မေလ ၁၄ရက်နေ့ - သောကြာကျေးရွာအုပ်စု တွင် ဆန်၊ ဆီ၊ ငါးခြောက်၊ ဆေးဝါး နှင့် ပလတ်စတစ် ရေစည် များ ဖြန့်ဝေခဲ့သော မှတ်တမ်းဓာတ်ပုံများ



နာဂစ်မုန်တိုင်းကြောင့် မိသားစုဝင်အားလုံးကိုဆုံးရှုံးလိုက်ရသော ဒုက္ခသည် တဦးအား မေးမြန်းထားသော မှတ်တမ်းဖြစ်ပါသည်။



နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်နေသူများကို ပစ္စည်းများ ဖြန့်ဝေပေးရန် သောကြာကျေးရွာသို့ သွားရာလမ်းမှ မြင်ကွင်း



လှူဒါန်းသည့်ပစ္စည်းများ (တန်ဖိုး ငွေကျပ်သိန်း ၃၀ / စင်ကာပူဒေါ်လာ ၃၆၀၀)

- ဆန်အိတ် ၁၀၀ (ဒေးဒရဲ နယ်ထွက် ဆန် )
- စောင် အထည် ၃၃၀
- ရွက်ဖျင်စ ၆လိပ်
- အ၀တ်အထည်များ
- ထုံး ၅ အိတ် ( အုတ်ကန်များသန့် ရှင်းရန် )
- ဓာတ်ဆီ ( သီတဂူကျောင်းတိုက် ဘုန်းကြီးများမှအလှူ )
- ဆေးဝါး

Operation Nargis အဖွဲ့ မှ အထက်ပါပစ္စည်းများကို အကယ်ရွာမ ၊ ချောင်းဝ နှင့် ကွင်းပုံ ကျေးရွာ၃ခု သို့ လှူဒါန်းခဲ့ သည့်အပြင် အကယ်ရွာမကျေးရွာ တွင်လည်း ဆေးကုသလုပ်အားပေးခဲ့ ပါသည်။ အကယ်ရွာမမှ သေဆုံးသူ ၃၇ ဦး ရှိပြီး အခြားရွာများမှ အလောင်း ၂၀၀ကျော်ရှာတွေ့ ခဲ့သည် ။ အချို့ အလောင်း များကို ဆယ်ယူရှင်းလင်းပြီးသော်လည်း အလောင်း၁၇၀ ခန့် မြစ်ထဲတွင်ကျန်ရှိနေသေးသည်။

ရွာသူရွာသားများမှာ ညစ်ညမ်းသောရေကို သောက်သုံးနေကြရပြီး ကျန်ရှိသမျှပစ္စည်း ၊ အစာနှင့် အသက်ရှင်နေကြရသည် ။မုန်တိုင်းအတွင်း စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးပြီးနောက်ပိုင်း လယ်မလုပ်နိုင်ကြတော့ပေ။ ထို့ ပြင် အကူအညီများ နှောင့် နှေးကြန့် ကြာမလုံလောက်မှုကြောင့် ကိုယ့်အားကိုယ်ကိုး၍ အချိန်အနည်းငယ် အသက်ရှင်နိုင်ရေးကိုသာ စဉ်းစားကာအနာဂတ် အတွက် မတွေးတောနိုင်သေးဖြစ်နေကြသည်။

ဒုက္ခသည်စခန်း များမှာ အကျဉ်းထောင်များကဲ့သဖွယ်ဖြစ်ကာ ဒုက္ခသည်များမှာ ကယ်ဆယ်ရေးပစ္စည်းများသယ်ရန် အဓမ္မ စေခိုင်းခံရမှုများ ကြုံတွေ့ နေရသည်။ ဒေးဒရဲသို့ သွားသောလမ်းတလျှောက်မှာတော့ Mr. ဘန်ကီမွန်း ခရီးစဉ် လာရောက်ချိန်နီးလာ၍ ဒုက္ခသည်စခန်းများကို မတွေ့ ရတော့ပေ။

အလှူပစ္စည်းများ (တန်ဖိုး ကျပ် ၃၅သိန်း / စင်ကာပူဒေါ်လာ ၄၂၀၀)

-ဆန်အိတ် ၁၀၀ ( ဖျာပုံ နယ်ထွက် ဆန် )
- စောင် အထည် ၃၀၀
- ရွက်ဖျင်စ ၁လိပ်
- အ၀တ်အထည် ၁၀ထုပ်
- ခြင်ထောင် ၄၀
- ဆေးဝါး

အထက်ပါပစ္စည်းများကို သောကြာ၊ မြစိမ်းကန်၊အချာကြီး၊အချာလေး ကျေးရွာ၎ခု တွင် ပေးဝေလှူဒါန်းခဲ့သည်။ ဖြန့် ဝေနေချိန်တွင် ရာသီဥတု က အလွန်အမင်း ဆိုးရွာ နေခဲ့ကာ ရာသီဥတု နှင့် အပြိုင် ဒုက္ခသည်များ၏ဘ၀များလည်းအလားတူ ဆိုးနေသည် ကိုမြင်တွေ့ ခဲ့ရသည်။

အချာကြီး၊အချာလေးတွင် နာဂစ်စ်အပြီး ၃ပတ်လုံးလုံး မိသားစုတစ်စု တစ်နေ့ ခွဲတမ်း ဆန်၂လုံးနှင့် ရေသန့် တစ်ဗူး သာရကြသော ဒုက္ခသည်များ မိသားစု တိုင်းအတွက် Operation Nargis အဖွဲ့ မှ ဆန်၂၄လုံး ၊ စောင်နှင့် အ၀တ်များ ဝေငှခဲ့သည် ။

ရွာသားများမှာ အလွယ် ရှာဖွေရသမျှ အုန်းသီး ကဲ့သို့  အစာ နှင့် ညစ်ညမ်းနေပြီဖြစ်သော ရေကိုသာ စားသောက်ရေးအတွက် အားကိုးနေကြရသည် ။ ခရီးလမ်း တစ်လျှောက်အချို့ နေရာများတွင် နာဂစ်အတွင်း ရွာလုံးကျွတ် ရေထဲပါသွားသဖြင့် လူဟူ၍ပင် မကျန်တော့ချေ ။

“ ခဏလေးအတွင်း ကို ကျွန်မတို့ အိမ်က လူတွေ လေနဲ့ ၃ရွာ ကျော်လောက် အရောက်ပါသွားတာ …. လေကြမ်းလို့ မလွင့်အောင် တူတူပူးပြီးကြိုးနဲ့ ချည်ထားကြတော့အကုန်လုံးအတူတူပါသွားတော့တာပေါ့ .. “ ဟု ဒုက္ခသည် အမျိုးသမီးတစ်ဦး က ပြောပြခဲ့သည်။

နေ့ရက်။ ။ မေလ ၂၄ ရက် (စနေနေ့)
အချိန် ။ ။ ညနေ ၆ နာရီ
နေရာ ။ ။ Lee Kong Chian School of Business (Singapore Management University)

အစည်းအဝေး အစီအစဉ်
၁။ Operation Nargis မှ လုပ်ဆောင်နေသော လုပ်ငန်းများကို ဆွေးနွေးတင်ပြခြင်း
၂။ မုန်တိုင်းဘေး ဒုက္ခသည်များအား ကူညီလုပ်အားပေးပြီး ပြန်လာသော ပထမ အဖွဲ့မှ အတွေ့အကြုံများကို ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် ရှင်းလင်းပြောကြားခြင်း။
၃။ အရေးပေါ်လိုအပ်ချက်များ ဆွေးနွေးခြင်း နှင့် လုပ်အားပေးလိုသူများ စာရင်းပေးသွင်းခြင်း
၎။ မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း

ဒီသတင်းကိုဖတ်မိသူများ မိမိ၏ သူငယ်ချင်းများကို ဖြန့်ဝေပေးပါရန် ပန်ကြားအပ်ပါသည်။


 

K2 Modify 2007 | Use it. But don't abuse it.