မေလ ၁၂ ထိ စုစုပေါင်း အလှူငွေ ကျပ် ၂၅၃သိန်း (စင်ကာပူဒေါ်လာ ၃၀၅၀၀ ခန့် ) လက်ခံရရှိပြီးဖြစ်သည် ။ UK မှအလှူရှင်များက အလှူငွေ`၏ ၇၄.၉၀ % ၊ စင်ကာပူမှ ၂၁.၃၀% နှင့်  မြန်မာပြည်တွင်းမှ ၃.၈% အသီးသီးလှူဒါန်းကြသည် ။ အဖွဲ့ မှ လွန်ခဲ့သော ၃ရက်အတွင်း ကျပ်သိန်း ၁၄၀ နီးပါး (~ စင်ကာပူဒေါ်လာ ၁၇ ၀၀၀) အသုံးပြုခဲ့ပြီးဖြစ်သည် ။
မေလ ၁၁ရက်နေ့ တွင် Operation Nargis အဖွဲ့ ၃ဖွဲ့ ကော့မှူး ၊ ကွမ်းခြံကုန်း ၊ လှိုင်သာယာ နှင့် တောင်ဒဂုံသို့ သွားရောက်ခဲ့ ပြီး ကော့မှူး သို့ သွားသောအဖွဲ့ က ဆန်၊ဆပ်ပြာ များပေဝေးခဲ့ကာ လှိုင်သာယာသွားသည့်အဖွဲ့ က ဒုက္ခသည်စခန်း အိမ်သာသန့် ရှင်းရေးအတွက် ထုံးမှုန့်  အိတ်၃၀ ဝေခဲ့သည်။

တောင် ဒဂုံ အဖွဲ့ ကမူ ဘုန်းကြီးကျောင်းများနှင့် စခန်းများသို့ သွားကာ ပိုးသတ်ဆေးနှင့် ထုံးများ အလှူရှင်များကိုယ်စား ဒါနပြုခဲ့သည်။ အဖွဲ့ လေ့ လာချက်အရ တောင်ဒဂုံတွင် အဖြစ်များနေသည့် ဝမ်းလျှော ၀မ်းပျက်ရောဂါနှင့် အခြား ကာလ၀မ်းရောဂါ နှင့် သွေးဝမ်းကိုက်ရောဂါ များပြန့် ပွားနေမှု ကိုထိန်းသိမ်းရန် ပြည်တွင်းရှိ ဆရာဝန်များနှင့် ကြက်ခြေနီအသင်းက ထုံး ၊ ပိုးသတ်ဆေးရည် အလှူ မေတ္တာရပ်ခံခဲ့ ကြသည် ။

အလှူစာရင်း

ဆန် - ၁၀၀ အိတ် ( ၅၀ ကို မီးပြတွင် ယမန်နေ့ က ဝေခဲ့ )
ပဲ - ၁၅၀ ပိဿာ
စားဆီ - ၃၀ ပိဿာ
ORS - ၁၂၀၀ ထုပ်
ငါးသေတ္တာ - ၃၀၀၀ ဘူး
ရေသန့်  - ၄၀၀လီတာ
ဆား - ၁အိတ်
ဘစ်ီစကစ် - ၁၀ထုပ်
အ၀တ် - ၄၄၀ ထည်
စောင် - ၁ ထည်
ဆပ်ပြာခဲ - ၈၀၀ တောင့်
ပိုးသတ်ဆေးရည် - ၃၀ ဂါလံ
ပဋိဇီဝဆေး - ၂၈ ထုပ် ( ဆရာဝန်များ သုံးရန် )
ထုံး - ၅၀ အိတ်
ရေသန့် ဆေး- ၂၀ လီတာ (PSI ဒါနပြုသည်)
ရွက်ဖျင်စ/ပလပ်စတစ် - ၃၄ စ (ယာယီတဲဆောက်ရန်)
[၂၄ပေ x ၆ ပေ ]

0 comments:


 

K2 Modify 2007 | Use it. But don't abuse it.