နာဂစ်မုန်တိုင်း အရေးပေါ်ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများအတွက် ကျန်းမာရေးလမ်းညွှန်

တကယ်ကိုသွားတော့မှာလား။ ဒါဆိုရင်တော့ အရေးအကြီးဆုံးက Safety First ပါပဲ။ အချိန်တိုင်းမှာ အန္တ္တရယ်ကင်းဖို့နဲ့ ကိုယ့်ကျန်းမာရေးကောင်းနေဖို့ လိုပါတယ်။ မိမိကိုယ်တိုင် ကျန်းမာမှ သူတပါးကို ထိထိရောက်ရောက် ကူညီနိုင်မှာဖြစ်ပါတယ်။ ကိုယ်တိုင်က ချူချာနေတဲ့သူ၊ ရောဂါကြီးကြီးမားမားရှိတဲ့သူ၊ ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်ကလေးငယ်ရှိတဲ့ မိခင်တွေ အနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကိုယ်တိုင်ကွင်းဆင်း မပါဝင်သင့်ပါဘူး။ သာမန်ကျန်းမာတဲ့ လူတစ်ယောက်ဆိုရင်တောင် ကယ်ဆယ်ရေးခရီးမထွက်ခင် ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။ Prevention is Better than Cure ဆိုတဲ့အတိုင်း ကာကွယ်မှုများကိုလည်း တတ်နိုင်သလောက် လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

ဘာတွေကို ကြိုတင်ကာကွယ်နိုင်သလဲ။
မေးခိုင်၊ အသည်းရောင် (အေ)၊ အသည်းရောင် (ဘီ)၊ ကာလ၀မ်းရောဂါ၊ တိုက်ဖွိုက်၊ ငှက်ဖျား ရောဂါတွေ အတွက် ကာကွယ်ဆေးတွေရှိပါတယ်။ အသည်းရောင်(ဘီ)ကာကွယ်ဆေးကတော့ အချိန်ယူရပါတယ်။ အရင်ကတည်းက ထိုးဖူးရင်တော့ Booster Dose ထိုးသွားသင့်ပါတယ်။ မေးခိုင်ကာကွယ်ဆေးကတော့ ကြုံရာဆေးခန်းတစ်ခုမှာ ၀င်ထိုးလိုက်လို့ရပါတယ်။ အသည်းရောင် (အေ)၊ ကာလ၀မ်းရောဂါ၊ တိုက်ဖွိုက် ကာကွယ်ဆေးများကိုတော့ အထူးကုဆေးခန်းများတွင်မှ ရနိုင်မှာပါ။ ငှက်ဖျားအတွက်ကတော့ Doxycycline 100mg ဆေးတောင့်ကို မသွားခင် ၁-၂ရက်ကစပြီး နေ့တိုင်း တစ်ရက်တစ်တောင့် သောက်နေရပါမယ်။ ပြန်လာပြီး တစ်လအထိဆက်သောက်ရပါမယ်။ နေ့တိုင်းဆေးသောက်ရမှာ ပျင်းသူများအတွက်တော့ Mefloquine 250mg တစ်ပါတ်တစ်လုံးသောက်ရမှာပါ။ ခရီးမထွက်ခင် ၂ပါတ်ကြိုတင်သောက်ထားရပြီး ခရီးမှပြန်ရောက်ပြီး ၄ပါတ်ဆက်သောက်ရပါမယ်။ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးလေးတွေ ရှိပါတယ်။ အသေးစိတ်တော့ ဒီမှာရှင်းမပြတော့ပါဘူး။ Doxycycline a&m Mefloquine နဲ့ရော မတည့်တဲ့သူတွေကတော့ Malarone ဆိုတဲ့ဆေးကို တစ်ရက်တလုံး မသွားခင် ၂ရက်ကနေ ပြန်လာပြီး ၁ပါတ်အထိဆက်သောက်ပေးပါ။ Doxycycline က တခြားကူးစက်ရောဂါ နဲနဲပါးပါးကို ကာကွယ်နိုင်တော့ အခုလိုအခြေအနေမျိုးမှာ သုံးဖို့ရာ အသင့်ဆုံးဖြစ်ပါတယ်။ မြန်မာတော်တော်များများအနေနဲ့တော့ ငယ်စဉ်က ၀က်သက်ပေါက်ဘူးပါတယ်။ အခုအထိ ၀က်သက်မပေါက်ဘူးသေးသူများကတော့ ၀က်သက်ကာကွယ်ဆေးပါထိုးဖို့လိုအပ်ပါတယ်။ ခွေးရူးရောဂါအတွက်လည်း ပြောပါမယ်၊ ခွေးရူးကာကွယ်ဆေးမှာ မကိုက်ခင်ကြိုထိုးလို့ရတဲ့ ဆေးရှိပါတယ်၊ တစ်ပါတ်တစ်ခါ စုစုပေါင်း သုံးပါတ် ထိုးမှ အာနိသင်ရှိပါတယ်။ အခုလို အချိန်မရတော့ရင်တော့ တကယ်ကိုက်ခံထိမှပဲ 'ကိုက်ပြီးမှထိုးတဲ့ဆေး' ကို နီးစပ်ရာမှာ အမြန်ဆုံးထိုးပါလို့ အကြံပေးလိုပါတယ်။

အစားအစာနဲ့ သောက်ရေသန့်။
ပုဇွန်အကွေး၊ ငါးအနွေး မလုပ်ကြပါနဲ့။ သေသေချာချာ ကျက်အောင်ချက်ပြုတ်ထားတဲ့ အစားအစာ ]ပူပူနွေးနွေး} ကိုပဲစားပါ။ ဟင်းကျန်များကို နွှေးစားမည်ဆိုလျှင်လည်း နွေးရုံလောက်သာမဟုတ်ပဲ ပွက်ပွက်ဆူပူလာသည်အထိ ပြုလုပ်ပြီးမှစားရမည်။ ဟင်းသီးဟင်းရွက်အစိမ်း၊ တို့စရာ မစားပဲနေနိုင်လျှင် အကောင်းဆုံးပါ။ မနေနိုင် စားမယ်ဆိုလျှင်တော့ ရေသန့် နှင် စင်စင်ဆေးပြီးမှစားပါရန်။ ကွမ်းရွက်အစိမ်း (ကွမ်းယာ) စားသူများသတိပြု။ အသီးအနှံများကို ကိုယ်တိုင် အခွံခွာပြီးမှ စားသုံးခြင်းမျိုးသည် အကောင်းဆုံးဖြစ်သည်။ ရေကိုလည်း ရေသန့်ဘူးများကိုသာ သောက်သင့်ပါတယ်။ ရေသန့်ဆေးပြား ထည့်သောက်ပါကလည်း ရောဂါပိုးကင်းစင်ပါတယ်။ ယခုအခြေအနေမျိုးတွင် ၀မ်းပျက် ၀မ်းလျောသည် အလွန်အမင်း ဖြစ်ရန်လွယ်ကူပါတယ်။ ဖြစ်လာခဲ့ရင်တော့ ORS ဓါတ်ဆားထုပ် (သတ္တုတွင်း မှထုတ်သည့် ငွေရောင် သို့မဟုတ် အဖြူရောင်) နိုင်နိုင်သောက်ပါ။ Ciprofloxacin 500mg ၁၂နာရီခြားနဲ့ Metronidazole 200mg ၈နာရီခြားသောက်နိုင်ပါတယ်။

အကောင်ပလောင်အကိုက်ခံမထိစေဖို့။
ခြင်၊ ကျွတ်၊ မျှော့၊ ကင်း၊ မြွေ၊ စသည်တို့ဖြစ်နိုင်ပါသည်။ အကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ခြေမျက်စိဖုံးသော ဘွတ်ဖိနပ်၊ အနားကျယ်ဦးထုပ် တွေနဲ့ ကိုယ့်ကိုကိုယ်လုံခြုံအောင် ၀တ်ရမယ်။ အင်းဆက်ပိုးမွှားတွေဟာ ရင့်လွန်းသောအရောင်၊ နုလွန်းသောအရောင်တွေကို ကြိုက်နှစ်သက်တဲ့အတွက် မရင့်လွန်း မနုလွန်း (ကာကီရောင်) အရောင်များကို ၀တ်သင့်ပါတယ်။ ခြင်ကိုက်မခံရစေရန် Repellent Lotionကို အ၀တ်အစား ကင်းပနေသော အရေပြားပေါ်နေသော နေရာများတွင်လိမ်းပါ။ မြန်မာပြည်တွင် အလွယ်တကူဝယ်၍ရသော Odomos တံဆိပ်ဟာ အတော်ကောင်းပါတယ်။ ညအိပ်လျှင်လည်း ဆေးစိမ်ခြင်ထောင် ကိုသုံးပါ။ အော်ရီဂျင်နယ်ဆေးစိမ်ပြီးခြင်ထောင်လာသလို Surpa tab ဆိုသောဆေးပြားနှင့် ရိုးရိုးခြင်ထောင်ကို ကိုယ့်ဖာသာကိုယ် စိမ်လျှင်လည်းရပါတယ်။

အကောင်ရှည်ကိုက်ခံရရင်။
ဧရာဝတီတိုင်းအနေနဲ့ဆိုရင် မြွေပွေး၊ ဂျပ်၊ မြွေဟောက် စတာတွေရှိပါတယ်။ အကိုက်မခံရအောင် သတိထားတာအကောင်းဆုံးဖြစ်ပေမယ့် မတော်တဆအကိုက်ခံရတတ်ပါတယ်။ မြွေကိုက်ခံရရင် ကိုက်တဲ့မြွေကိုမှတ်မိရင်ကောင်းပါတယ်။ အကိုက်ခံရတဲ့ လက် (သို့) ခြေကို မလှုပ်အောင် ၀ါးလုံးတစ်ချောင်းနဲ့ ပူးပြီး ပတ်တီးနဲ့ မတင်းလွန်း မလျှော့လွန်းစည်းပါ။ ပြီးရင်တော့ မြွေဆိပ်ဖြေဆေးရှိတဲ့ ဆေးရုံကို အမြန်သာသွားပါတော့။ မြွေသေကောင်ကို ယူသွားရင်တော့ အဆိပ်ဖြေဆေး မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ ပိုထိရောက်ပါတယ်။ မြွေဆိုတာမျိုးဟာ အလွန်သေးငယ်ရင်တောင် အဆိပ်ပြင်းတတ်ပါတယ်။

ထိခိုက်ရှနာ။
သံစူး၊ ငုတ်စူး၊ ဘာညာသာရကာရှ၊ ထိခိုက် ပွန်းပဲ့ စတာတွေဖြစ်နိုင်ပါတယ်။ ဖြစ်ခဲ့လျှင် အနာကိုရေစင်အောင်ဆေးပါ။ Betadine, Wokadine, Septidine လိုမျိုး ပိုးသတ်ဆေး အညိုရောင်အရည် ရွဲရွဲသုတ်ပါ (မျက်စိ၊ ပါးစပ်၊ ကိုယ်ခန္ဓာ အတွင်းပိုင်းသို့ မထည့်ရ)။ အနာကြီးလျှင် Sofratulle ဇကာကွက်ပတ်တီးခံ၍ ပတ်တီးစည်းပါ။ Amoxycillin 250mg နှစ်လုံးစီ ရှစ်နာရီခြား၍သောက်ပါ။ မေးခိုင်ဆေးမထိုးရသေးပါက ထိုးရန်။

ပတ်ဝန်းကျင်ကြောင့်။
နေပူကျဲကျဲအောက်တွင် ဦးထုပ်၊ အကာလုံလောက်စွာမရှိပဲ ကြာမြင့်စွာနေရင် အပူလွန်တတ်ပါတယ်။ Heat exhaustion. Heat Stroke ဖြစ်နိုင်ပါတယ်။ အကျီပါးပါးလက်ရှည်၊ အနားကျယ်ဦးထုပ်၊ နေကာမျက်မှန် စတာတွေဝတ်ဆင်ပါ။ ရေများများသောက်ပါ။ ချွေးထွက်လွန်ပါက ဓါတ်ဆားရည်သောက်ပေးပါ။ အနံ့အသက်မကောင်းသော ပင်လယ်ရေငွေ့များကို ရှူကျင့်မရှိပဲ ရှူမိပါက အဆုတ်ရောဂါအခံရှိသူများ ရောဂါထနိုင်ပါသည်။ သတိထားကြပါ။

ရေအောက်နစ်နေသော မီးကြိုးများကိုလည်း သတိထားကြပါ။

လက်သန့်ရှင်းရေး။
သတိရတိုင်း၊ တစ်ခုခုကို ကိုင်ပြီးတိုင်း၊ အစာမစားမီတိုင်း လက်ကို ဆပ်ပြာနှင့် ရေဖေါဖေါသီသီဖြင့် စင်အောင်ဆေးပါ။ ဆပ်ပြာ၊ရေ မလွယ်ကူပါက အရက်ပျံပါသော Alcohol Hand Rub ကို သုံးပါ။ Latex gloves လက်အိပ်များ (ခွဲခန်းသုံးမဟုတ်) ဘူးလိုက်ဝယ်သွားပါ။ ဈေးပေါပါတယ် ၁၀၀ပါ တဘူးမှ ၂၀၀၀ကျပ်လောက်ပဲ ပေးရတယ်ထင်တယ်။ ကျွတ်ကျွတ်အိပ်လက်အိပ်များသည် လုံးဝအသုံးမ၀င်ပါ။

သယ်သွားရမယ့်ပစ္စည်းများ။

Toiletries
· Alcohol-based hand sanitizer
· Toilet paper
· Sun block (spf 15 or higher)
· Insect repellent containing DEET
· Menstrual supplies
· Extra pair of prescription glasses, copy of prescription
· Eyeglasses repair kit
· Contact lenses, lens cleaner, and eye glasses protective case
· Toothbrush/toothpaste
· Skin moisturizer
· Soap, shampoo
· Lip balm
· Razor, extra blades*
· Scissors*
· Nail clippers/tweezers*
· Q-tips, cotton swabs
· Sewing kit
· Laundry detergent
· Small clothesline/pins
Clothing
· Comfortable, light-weight clothing
· Long pants
· Long-sleeved shirts
· Hat
· Boots
· Shower shoes
· Rain gear
· Bandana/handkerchief
· Towel (highly absorbent, travel towels if possible)
· Gloves (Leather gloves if physical labor will be performed; rubber gloves if handling blood or body fluids).
Activities of daily living
· Sunglasses
· Water proof watch
· Flashlight
· Spare batteries
· Knife, such as a Swiss Army Knife or Leatherman*
Security
· Money belt
· Cash
· Cell phone (with charger)
· Candles, matches, lighter in a ziplock bag
· Ziplock bags
· Safety goggles
· An item of comfort (i.e., family photo, spiritual or religious material)

ကိုယ့်ကိုကိုယ် ဂရုစိုက်ခြင်း။
အချိန်နှင့်အမျှ မိမိရဲ့ ကိုယ်ကျန်းမာရေးသာမက၊ အနိဋ္ဌာရုံတွေမြင်ရပါများလျှင် စိတ်ကျန်းမာရေးပါထိခိုက်လာနိုင်ပါတယ်။ ကိုယ့်ကိုကိုယ်သိပါ။ မိမိကိုယ်မိမိ မတတ်နိုင်တော့ဘူးထင်လျှင် နောက်ဆုတ်ရန် ၀န်မလေးပါနဲ့။ ဒါဟာရှက်စရာမဟုတ်ပါ။

ယူသွားရန် အရေးပေါ်ဆေးဝါးများ (ဆရာဝန်ထံ မေးမြန်းပြီးမှ သောက်ရန်)

1. ORS ဓါတ်ဆားထုပ် (သတ္တုတွင်းဝန်ကြီးဋ္ဌာနထုတ် ငွေရောင်/အဖြူရောင်) ၊ သီးစုံဓါတ်ဆားမသုံးရ။

2. Paracetamol 250mg သာမန်အဖျားအနာ၊ ကိုယ်လက်ကိုက်ခဲမှုအတွက် တခါသောက် ၂ပြားစီ ၆နာရီခြားသောက်နိုင်။

3. Amoxycillin 250mg ပိုးသတ်ဆေး၊ တခါသောက်၂တောင့်စီ ၈နာရီခြားသောက်နိုင်။

4. Ciprofloxacin 250mg ပိုးသတ်ဆေး၊ တခါသောက် ၁-၂တောင့်စီ ၁၂နာရီခြားသောက်နိုင်။

5. Metronidazole 200mg ပိုးသတ်ဆေး၊ တခါသောက် ၁-၂တောင့်စီ ၈နာရီခြားသောက်နိုင်။

6. အရက်ပျံ၊ ဂွမ်းလိပ်၊ ပတ်တီး၊ စက္ကူပလာစတာ၊ ဟင်းဒီးပလပ်စ်၊ Sofratulle, Betadine/Wokadine/Septadine

7. Ranitidine 150mg အစာအိမ်နာ လေအောင့်၊ တခါသောက် ၁တောင့်စီ ၁၂နာရီခြားသောက်နိုင်။

8. Gelmag/Digene/Antacil/Hydrosil/Kremil-S လေထိုးလေအောင့် ၀ါးစာရန်။

9. Albendazole 400mg သံချဆေး - တပြားတကြိမ်သာသောက်ရန်။

10. Septrin ပိုးသတ်ဆေး - တပြားစီ ၁၂နာရီခြားသောက်နိုင်။

11. Tetracycline Eye Ointment မျက်စိနာညှစ်ဆေးတောင့်

12. Caladryl lotion အရေပြားယားယံမှုများအတွက်လိမ်းဆေးရည်

13. Scabex cream ၀ဲယားနာ လိမ်းဆေး

14. Miconazole cream ပွေး၊ မှိုရောဂါ လိမ်းဆေး

15. Doxycycline 100mg တရက်တစ်တောင့်သောက်

16. Artesunate ငှက်ဖျားဆေး- အညွှန်းအတိုင်းသောက်ရန်

17. Burmeton/Cetrizine နှာစေးပျောက်ဆေး၊ အလာဂျစ်ပျောက်ဆေး

(ဤစာသည် CDC, WHO, UNHCR တို့၏အညွှန်းများကို မှီးပါသည်။)

Credits to: B Y A K G A (Myanmar Cupid)

0 comments:


 

K2 Modify 2007 | Use it. But don't abuse it.