Operation Nargis

ဆိုင်းကလုန်း နာဂစ် ကြောင့် ရန်ကုန်မြို့အပါအ၀င် လူဦးရေထူထပ်သော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတွင် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရပြီး၊ အသက်ဘေးမှ လွတ်ကင်းခဲ့ကြသူများမှာလည်း အိုးအိမ်နေအိမ်များ ဆုံးရှုံးကြရခြင်း၊ အစားအသောက်၊ ကျန်းမာရေးစောင့်ရှောက်မှုများ ချို့တဲ့ခြင်း စသည့်ဖြင့် ဒုက္ခကြီးစွာ ကြုံတွေ့နေရပါသည်။

လက်ရှိကြုံတွေ့နေကြရသည့် ဒုက္ခအခက်အခဲသည် အင်မတန်ကြီးမားလွန်းသောကြောင့် မြန်မာနိုင်ငံရှိတဲ့ အာဏာပိုင်အဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ လုပ်ဆောင်နိုင်သောပမာဏကို ကျော်လွန်နေပါသည်။ ထို့အပြင်နိုင်ငံတကာအဖွဲ့အစည်းများ ၀င်ရောက် အကူအညီပေးနိုင်ရန်မှာလည်း အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရပါသည်။

ထိုအခြေအနေများတွင် မုန်တိုင်းကြောင့် ဒုက္ခရောက်နေသော မြန်မာပြည်သူများကို မိမိတို့တတ်နိုင်သရွေ့ တဖက်တလမ်းမှ ကူညီနိုင်ရန်အတွက် စင်ကာပူနိုင်ငံတွင် ပညာသင်ယူနေကြသော လူငယ် ကျောင်းသားများ၊ အလုပ်လုပ်နေသူများ ပူးပေါင်း၍ Operation Nargis အဖွဲ့ကို ဖွဲ့စည်းလိုက်ပါသည်။

အဖွဲ့၏ အဓိကရည်ရွယ်ချက်များမှာ

၁။ နာဂစ် မုန်တိုင်းကြောင့် အသက်ရှင်ကျန်ရစ်ပြီ ဒုက္ခရောက်နေသူများ ထိရောက်စွာ ကူညီရန်
၂။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အဆက်မပြတ် ကူညီဆောင်ရွက်ပေးရန်
၃။ အကူအညီလိုအပ်နေသော အချက်အလက်များကို ရယူ ဖြန့်ဖြုးပေးရန်


ကူညီမှုလုပ်ငန်းများထိရောက်စွားလုပ်ကိုင်နိုင်စေရန် တာဝန်ခွဲဝေမှုများကို အောက်ပါ အတိုင်းဖွဲ့ထားလိုက်ပါသည်။ အဖွဲ့ငယ်များ၏ တာဝန်ခံများနဲ့ လုပ်အားပေးများကိုလည်း တာဝန်ပေးထားပြီးဖြစ်ပါသည်။

၁။ အလှုငွေကောက်ခံရေး
၂။ သယ်ယူပို့ဆောင်ရေး
၃။ လုပ်အားပေး စီစဉ်ဆောင်ရွက်ရေး
၎။ သတင်းအချက်အလက် စုဆောင်းဖြန့်ဖြူးရေး
၅။ စာရင်းအင်း ထိန်းသိမ်းရေး
၆။ အဖွဲ့၏ အတွင်းရေးမှူး

Operation Nargis အဖွဲ့ကို စင်ကာပူအဖွဲ့ခွဲ၊ ရန်ကုန်အဖွဲ့ခွဲ၊ လုပ်ငန်းဆောင်ရွက်မှုအဖွဲ့ခွဲ (ကူညီမှုဆောင်ရွက်နေသော ဒေသ) များကို ဖွဲ့စည်းလိုက်ပြီး စင်ကာပူ အဖွဲ့ တာဝန်ခံ၊ ရန်ကုန် အဖွဲ့တာဝန်ခံ များကိုလည်း ရွေးချယ်ထားပြီး ဖြစ်ပါသည်။

အလှူငွေ၊ လုပ်အားလှူဒါန်းခြင်းနှင့် အခြားကိစ္စအ၀၀အတွက် operation.nargis@gmailcom ကို ဆက်သွယ်နိုင်ပါသည်။

0 comments:


 

K2 Modify 2007 | Use it. But don't abuse it.