၁။ လုပ်အားပေးများသည် မိမိကို ပေးလိုက်သော အလုပ်တာဝန်များကိုသာ ဦးစားပေးလုပ်ဆောင်ရမည်။


၂။ နိုင်ငံရေးအသင်းအဖွဲ့များနှင့် မလိုအပ်ပဲ မဆက်သွယ်ပါနှင့်။

၃။ မိမိအသင်း၏ ဂုဏ်သိက္ခာနှင့် ရပ်တည်မှုကို ထိန်းသိမ်းကာကွယ်ရမည်။

၎။ ပြည်သူများ၊ လုပ်ဖော်ကိုင်ဖက်များ နှင့် အခြားအဖွဲ့အစည်းများ၏ ယုံကြည်မှုကိုတန်ဖိုးထားရမည်။

၅။ မိမိ၏ လုံခြုံရေးကို မိမိတာဝန်ယူရမည်။

၆။ ရန်ကုန် - နယ် - ရန်ကုန် ခရီးကို အဖွဲ့နှင့်သာ စုစည်းပြီုးသွားရမည်။ လုံခြုံရေးအရ တဦးချင်းသွားခွင့် မပြုပါ။

၇။ စုပေါင်းသွားလာနေရာမှ တစ်နေရာရာသို့ သွားလိုပါက အဖွဲ့ခေါင်းဆာင်ကို အကြောင်းကြား အသိပေးသွားရမည်။ အဖွဲ့ခေါင်းဆောင်၏ သဘောတူညီချက်မရပဲ မသွားပါနှင့်။

၈။ အဖွဲ့ခေါင်းဆောင်သည် နေရာ တစ်နေရာမှ တစ်နေရာသို့ မထွက်ခွာခင် မိမိအသင်းသားများ စုံမစုံ စစ်ဆေးရမည်။ အသင်းသားများ မစုံလင်ပါက စုံလင်အောင်စောင့်ဆိုင်းပြီးမှ ထွက်ခွာရမည်။

၉။ အဖွဲ့ဝင်များအားလုံးသည် ခရီးသွားစဉ်တလျှောက်လုံး အဖွဲ့ခေါင်းဆောင်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။ အဖွဲ့နှင့်မပတ်သက်သော လုပ်ငန်းများကို လုပ်ဆောင်လိုလျှင် အဖွဲ့၏သဘောထားကို ဦးစွာရယူရမည်။ အလွန်အရေးကြီးသော ကိစ္စဖြစ်ပါက ရန်ကုနှ်အဖွဲ့၏ ဆုံးဖြတ်ချက်ကို ရယူရမည်။

၁၀။ အဖွဲ့သားများသည် စင်ကာပူမှ ရန်ကုန်ကိုရောက်လျှင် ရန်ကုန်မှ Coordinator ကို မပျက်မကွက်သတင်း ပို့ရမည်။ သတင်းပို့ရမည့် ရက်၊ အချိန်၊ နေရာ နှင့် ဆက်သွယ်ရမည့်သူကို စင်ကာပူ မှ မထွက်ခွာခင် စင်ကာပူ Coordinator ထံမှ ရယူသွားရမည်။ နယ်မှ ရန်ကုန်ရောက်လျှင်လည်း ရန်ကုန် Coordinator ကို သတင်းပို့ပြီးမှ မိမိသွားလိုရာသို့ သွားကြရမည်။

၁၁။ စင်ကာပူသို့ ပြန်ရောက်လျှင် စင်ကာပူ Coordinator ထံသို့ ချက်ချင်း အကြောင်းကြားရမည်။

၁၂။ ခရီးစဉ်တလျောက် မိမိ၏ သွားစရိတ်၊ စားစရိတ်၊ နေစရိတ် များကို မိမိကိုယ်တိုင် ကျခံရမည်။

၁၃။ မိမိ၏ ကျန်းမာရေးအတွက် ဆေးဝါးများ၊ မိမိအတွက်အစားအသောက် နှင့် သောက်သုံးရေများကို ပြည့်စုံဖူလုံအောင် စုဆောင်းသွားရမည်။ ရက်ရှည်ခရီးဖြစ်ပါက အဖွဲ့ခေါင်းဆောင်မှ စီစဉ်ပေး၍ ကုန်ကျစရိတ်ကို မျှဝေရမည်။

၁၄။ အလှုရှင်များ၏ အလှုငွေများသည် ပြည်သူများအတွက်သာ ဖြစ်သည်။

၁၅။ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းကြောင့် မိမိနှင့်တကွ အဖွဲ့အစည်း၏ လုပ်ဆောင်ချက်များကို ထိခိုက်မည့် အခြေအနေရှိလျှင် ဒုက္ခရောက်နေသော ပြည်သူများ၏ အကျိုးကို မျှော်မှန်း၍ ရှောင်ကျဉ်စေလိုပါသည်။

၁၆။ အာဏာပိုင်များနှင့်ဆက်ဆံလျှင် လုပ်ငန်းအောင်မြင်မှုကို ဦးတည်၍ အဖွဲ့ခေါင်းဆောင်မှ ညှိညှိနှိုင်းနှိုင်း ပြောဆိုဆက်ဆံရမည်။

၁၇။ လုပ်အားပေးများသည် မိမိကို ပေးအပ်လာသော တာဝန်များကို မိမိ၏ ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကြောင့် မထမ်းဆောင်နိုင်ပါက အဖွဲ့ခေါင်းဆောင်ကို တင်ပြရမည်။ အဖွဲ့ခေါင်းဆောင်သည် မိမိအဖွဲ့သားများ၏ ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကို ဂရုစိုက်ပေး၍ လိုအပ်ပါက ရန်ကုန်သို့ပြန်လည်ပို့ဆောင်ပေးရမည်။

၁၈။ လူအများကို ကူညီနိုင်ရန်အတွက် မိမိ၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေး ပြည့်စုံအောင် နေကြရမည်။ (ခရီးမသွားခင်ကာကွယ်ဆေးထိုးကြပါရန် နှင့် စိတ်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြင်ဆင်သွားကြရမည်။)

၁၉။ အဖွဲ့ခေါင်းဆောင်သည် တနေ့တာ လုပ်ငန်းမစခင် လုပ်ဆောင်မည့်လုပ်ငန်းများ နှင့် လုပ်ငန်းပြီးချိန်တွင် သုံးသပ်ချက်များကို အဖွဲ့သားများအား ရှင်းလင်းပြောကြားရမည်။

၂၀။ အဖွဲ့ခေါင်းဆောင်သည် မိမိလုပ်ဆောင်ရမည့်တာဝန်များကိုမထမ်းဆောင်နိုင်သောအခါ မိမိကိုယ်စား ခေါင်းဆောင်နိုင်မည့် အဖွဲ့သားကို ဒုတိယ ခေါင်းဆောင်အဖြစ် ထားရှိမည်။

၂၁။ အဖွဲ့ခေါင်းဆောင်သာလျှင် အာဏာပိုင်အဖွဲ့အစည်းများနဲ့ မီဒီယာများကို ပြောဆိုဆက်ဆံရမည်။ (မီဒီယာများနှင့် ပြောဆိုဆက်ဆံခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားရမည်။)

၂၂။ ရပ်ရွာထုံးတမ်းဓလေ့များကို လေးစားလိုက်နာပါရမည်။

0 comments:


 

K2 Modify 2007 | Use it. But don't abuse it.